     


ကွန်ပြူတာ ကို အသုံးပြုရာတွင် ကာလကြာသော အခါ၊ အကြောင်း အမျိုးမျိုး တို့ ကြောင့် နှေးသွား သလို ခံစား ရပါတယ်၊ ထိုသို့ ကြုံတွေ့ ရပါက အောက်ဖေါ်ပြပါ အချက် တို့ ဖြင့် စစ်ဆေး ပြီး မြန်အောင် ပြုလုပ်နိုင်ပါတယ်။

အောက်ဖေါ်ပြပါ အချက် တို့ကို မစစ်ဆေးခင် အချက် (က) နှင့် (ခ) ကို အရင်ဆုံးပြုလုပ်ပါ။

(က) ပထမဆုံး ကွန်ပြူတာ ကို backup ပြုလုပ်ပါ။

အောက်တွင် ဖေါ်ပြပါ အချက် တွေ ကို မပြုလုပ်ခင် မိမိ ကွန်ပြူတာ တခု လုံးကို backup ပြုလုပ်သင့်ပါတယ်၊ ဒါမှ သာ တခုခု ချွတ်ချော် ခဲ့လို့ ရှိရှင် မိမိ ၏၊ အထူးသဖြင့် data တွေ ဆုံးရှုံး မှု မရှိ မှာ ဖြစ်ပါတယ်၊ ဒီနေရာ မှာ ကြုံလို့ ပြောပြချင်တာ တခု ကတော့ ကွန်ပြူတာ ကို ဆော့ပ်ဝဲလ် များ စွာ နဲ့ အသုံးပြုနေပေမယ့်လို့၊ အရေးကြီးဆုံးကတော့ သူ့ဆီက ရလာမယ့် ကွန်ပြူတာ ဒေတာ များ သာ ဖြစ်ပါတယ်။

ထို့ကြောင့် ဝင်းဒို့း ၏ built-in software အပါအဝင် မိမိ ကြိုက်နှစ်သက် ရာ ဆော့ပ်ဝဲလ် တခုခု ကို အသုံးပြု၍ backup ပြုလုပ်သင့်ပါတယ်၊ ကွန်ပြူတာ ကို ပုံမှန် backup ပြုလုပ်သင့် သလို၊ ကွန်ပြူတာ တွင် data အပြောင်းအလဲ ရှိ၍ အရေး ကြီးပါကလည်း backup ပြုလုပ်သင့်ပါတယ်၊ backup ပြုလုပ်နိုင်သည့် media များ ရှိပြီး၊ ၎င်းတို့ကို ရွှေးချယ် မှု သည် လည်း အရေးပါပါတယ်၊ backup လုပ်မည့် data အနည်း အများ ကို လိုက်၍ USB memory stick, CD, DVD, External hard disk အစရှိ သည် တို့ ကို ရွှေးချယ် နိုင်ပါတယ်၊ သူတို့ ကို ရွှေးချယ် ခဲ့ လို့ ရှိရင်တော့ မိမိ ၏ backup media ကို မပျောက်ပျက် အောင် ထိန်းသိမ်း ရပါမယ်၊ ဒါမှ မဟုတ်ပဲ Cloud storage လိုမျိုး မှာ လည်း သိမ်းဆည်း လို့ ရပါတယ်၊ Cloud storage လိုမျိုး မှာ သိမ်းဆည်း မယ်ဆိုရင်တော့ privacy အတွက် အာမခံ ပေးတဲ့ နေရာမျိုးမှာ သိမ်းသင့်ပါတယ်၊ Cloud storage မှာ သိမ်းမယ်ဆိုရင်တော့ Internet Speed မြန်ဆန်ဖို့ အထူးလိုအပ်ပါတယ်။

(ခ) ကွန်ပြူတာ ကို Restart (သို့) Shutdown လုပ်ပါ။

ဒီလို လုပ်ခြင်းအားဖြင့် ကွန်ပြူတာ ၏ memory ကို refresh ဖြစ်စေပါတယ်၊ ဒါကြောင့် ပြန်စ ရင် သိသိသာသာ ကြီး မဟုတ်တောင် အနည်းငယ် မြန်ဆန် လာ နိုင်ပါတယ်။

(၁) Hard drive ၏available space ကို စစ်ပါ။

ကွန်ပြူတာ တလုံး၏ hard disk မှာ available disk space နည်း လာတာ သည်လည်း၊ ကွန်ပြူတာ ကို နှေးကွေး စေတဲ့ အကြောင်း တရပ်ပဲ ဖြစ်ပါတယ်၊ available disk space ကို စစ်ရန် My Computer မှာ ကိုယ်စစ်ချင်တဲ့ hard disk, ဥပမာ။ ။ C or D drive, ကို right-click နှိပ်ပြီး၊ “Properties” ကို ကလစ် လုပ်ပါ၊ ထိုအခါ မိမိ စစ်လိုသော hard disk ၏ “Used space” “Free space” တို့ ကို စစ်၍ ရနိုင်မည်ဖြစ်သည်။

Rule အရ ကတော့ ကွန်ပြူတာ တလုံး ကောင်းမွန်စွာ အသုံးပြုနိုင်ရန် အသုံးပြုနေသော hard drive ၏ 15% က free ဖြစ်သင့် သည် ဟု ဆိုပါတယ်၊ အကယ်၍ hard drive လဲလည် အသုံးပြုရန် လိုအပ်ပါကလည်း ပိုမို မြန်ဆန်တဲ့၊ SSD (solid state drive) မျိုး ကို လဲလည် အသုံးပြုနိုင်ပါတယ်၊ SSD များသည် ပိုမို မြန်ဆန်ယုံသာ မကပဲ၊ ရိုးရိုး hard disk များထက်လည်း အကြမ်းခံပါတယ်။

(၂) မလိုလား အပ်သော ပရိုဂရမ် များ ကို ဖယ်ရှား နိုင်ပါတယ်။

သုံးစွဲတာ ကြာလာတာ နဲ့ အမျှ မိမိ အသုံးပြု နေတဲ့ ကွန်ပြူတာ တွင်၊ အသုံးပြုဖြစ်တာရော မပြုဖြစ် သည် ပရိုဂရမ် များပါ ရှိလာနိုင်ပါတယ်၊ ဒါကြောင့် အသုံးမဝင်/ အသုံးမပြု တော့ မယ့် ပရိုဂရမ် အဟောင်း များကို “uninstall” ပြုလုပ်နိုင်ပါတယ်၊ “uninstall” ပြုလုပ်ပြီးပါကလည်း “Recycle Bin” ကို “Empty” ပြုလုပ် ရပါမယ်၊ ပြုလုပ် မယ်ဆိုရင် တော့ “Control Panel” ကို အရင်သွားရပါမယ်၊ ပြီးလျှင် OS ပေါ်မူတည်ပြီး “Add or Remove Programs” (သို့) "Uninstall a Program" မှ တဆင့် ပြုလုပ်နိုင်ပါတယ်။

(၃) ကွန်ပြူတာ စစ ချင်း run နေသော ပရိုဂရမ် များထဲ မှ မလိုအပ်သည် များ ကို ဖယ်ရှား နိုင်ပါတယ်။

အသုံးပြုတာ ကြာတဲ့ ကွန်ပြူတာ တလုံးမှာ ဆော့ပ်ဝဲလ် များစွာ ကို အင်စတောလုပ် အသုံးပြုကြပါတယ်၊ တချို့ ဆော့ပ်ဝဲလ် များ သည် ကွန်ပြူတာ စစ ချင်း မှာ load လုပ်ကာ background မှာ run နေပါတယ်၊ အကျိုးရလဒ် အနေ နဲ့ ကတော့ အဲဒီ ဆော့ပ်ဝဲလ် ကို run တဲ့ အခါ၊ background မှာ run နေတာ ဖြစ်တာ ကြောင့်၊ အဲဒီ ဆော့ပ်ဝဲလ် ကို လျှင်လျှင် မြန်မြန် အသုံးပြု နိုင်မှာ ဖြစ်ပါတယ်၊ ဖယ်ရှား မယ် ဆိုရင်တော့ “Start Menu” မှာ “msconfig” လို့ ရိုက်ပြီး၊ အဲဒီမှာ ပေါ်လာတဲ့ “System Configuration” မှ တဆင့် “Startup” ကို သွားပြီး ဖယ်ရှား နိုင်ပါတယ်။

(၄) Anti-virus, spyware scanner, anti-malware တို့ကို အင်စတော ပြုလုပ်ပါ။

တချို့သော virus, malware တို့ကြောင့် လည်း ကွန်ပြူတာ ကို နှေးကွေးစေပါတယ်၊ ဒါကြောင့် ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်း၏ ဟူသော ဆောင်ပုဒ် အတိုင်း မိမိ ၏ ကွန်ပြူတာ တွင် အနည်းဆုံး Anti-virus ဆော့ပ်ဝဲလ် တခုတော့ အင်စတော လုပ်ထားသင့်ပါတယ်။

(၅) Disk Cleanup ပြုလုပ်ပေးပါ။

Disk Cleanup ပြုလုပ်ပေးတယ် ဆိုတာ ကတော့၊ temporary files, unnecessary system files, တွေ နဲ့ recycle bin မှ ဖိုင် များ ကို ဖယ်ရှားပစ်ခြင်းပဲဖြစ်ပါတယ်၊ ဒီအတွက် ရာနဲ့ (Megabytes) ချီတဲ့ hard disk space ကို ပြန်လည် ရရှိ နိုင်ပါတယ်။

My Computer မှာ disk cleanup လုပ်ချင်တဲ့ hard disk, ဥပမာ။ ။ C or D drive, ကို right-click နှိပ်ပြီး၊ “Properties” ကို ကလစ် လုပ်ပါ၊ ထိုနောက် “General” tap မှ “Disk Cleanup” ကို နှိပ်ကာ ပြုလုပ်နိုင်ပါတယ်။

(၆) Disk Defragment ပြုလုပ်ပေးပါ။

အသုံးပြုတာ ကြာတဲ့ ကွန်ပြူတာ တလုံးတွင် hard disk အတွင်းရှိ software များ ကို uninstall လုပ်ခြင်း၊ software အသစ် များ ကို install လုပ်ခြင်း၊ များ ကြောင့် hard disk ပေါ်တွင် နေရာချ မှု ပြန့်ကြဲ နိုင်ပါတယ်၊ ထို့အတူ၊ မကြာ ခဏ ဖိုင်များ ကို ကူးခြင်း၊ ဖျက်ပစ် ခြင်း တို့ကြောင့် လည်း၊ hard disk ပေါ်တွင် နေရာ ချထားမှု ပြန့်ကြဲ နိုင်ပါတယ်၊ အကျိုးရလဒ် အနေနဲ့ ကတော့ ကွန်ပြူတာ run ရာ တွင် အချိန် ကြာရှည်မှု ဖြစ်စေပါတယ်၊ Disk Defragmentation ဆိုတာ ကတော့ အဲဒီ ပြန့်ကြဲနေတဲ့ ဖိုင်တွေကို အစဉ်လိုက် ဖြစ်အောင် စီစဉ်ပေးခြင်းမျိုးဖြစ်ပါတယ်၊ ဒါကြောင့် ကွန်ပြူတာ ကို ပိုမို မြန်ဆန်စေပါတယ်။

My Computer မှာ ကိုယ် disk defragment လုပ်ချင်တဲ့ hard disk, ဥပမာ။ ။ C or D drive, ကို right-click နှိပ်ပြီး၊ “Properties” ကို ကလစ် လုပ်ပါ၊ ထိုနောက် “Tool” tap မှ “Defragment now” (သို့) "Optimize" ကို နှိပ်ကာ ပြုလုပ်နိုင်ပါတယ်။

(၇) Visual effects များကို disable လုပ်ပါ။

Visual effects များ ကို disable လုပ်ခြင်း ကြောင့် လည်း၊ ကွန်ပြူတာ ကို မြန်ဆန်စေပါတယ်၊ ပြုလုပ်ချင်တယ် ဆိုရင်တော့ Control Panel → System → Advanced system settings ကို သွားရပါမယ်၊ ပြီးရင် Advanced tap → Performance → Setting button ကို နှိပ်ရပါမယ်၊ အဲဒီ က မှ “Adjust for best performance” ကို ရွှေးချယ် ရပါမယ်။

(၈) Memory ကို ထပ်တိုး နိုင်ပါတယ်။

အရင်ဆုံး memory ကို ထပ်တိုး ဖို့ လို မလို ကို စစ်ပါ၊ ထိုသို့ စစ်ရန် Ctrl+Alt+Del ကို နှိပ်ပါ၊ ပြီးလျှင် “Start Task Manager” ကို သွားပါ၊ Windows Task Manager မှ Performance tap ကို သွားပါ၊ Physical Memory အောက်တွင် ရှိသော Available Memory ကို စစ်ကြည့်ပါ၊ အကယ်၍ ၎င်း သည် ရှိသော Physical Memory (Total ) ၏ 25% ထက် နည်းပါက၊ memory ကို ထပ်တိုးသင့်ပါတယ်။

Memory ကို ထပ် မတိုးခင် ထပ်တိုး၍ ရ မရ ကိုလည်း စစ်ကြည့်ရမှာ ဖြစ်ပါတယ်၊ ဥပမာ။ ။ 32 bit OS မှာ memory 4 GB ထက် ပိုတိုး ၍ မရပါဘူး၊ အကယ်၍ သင်သည် browser ကို tabs တွေ အများကြီး ဖွင့် သုံးတတ် တယ် ဆိုရင် memory ထပ်တိုးတာ သည်၊ ကွန်ပြူတာ သုံးဆွဲ မှု ကို မြန်ဆန် စေမှာ သေချာပါတယ်။

(၉) ကွန်ပြူ တာ အသစ် တလုံး (သို့) hardware များ ကို လဲလှယ်ပါ။

OS ပဲ ဖြစ်ဖြစ်၊ software ပဲ ဖြစ်ဖြစ် ကို အင်စတော မလုပ်ခင်၊ installation requirement များ ကို ဖတ်မည် ဆိုပါက၊ CPU, RAM (memory), Hard Disk Space အစ ရှိ သည့် min hardware requirements များ ကို တွေ့ရမည် ဖြစ်သည်၊ ကွန်ပြူတာ ဝယ်ယူပြီးသော အခါတွင် အသစ်ထွက်လာသော OS (သို့) Software တို့ ၏ min hardware requirements များ မြင့် လာသည် သာ ဖြစ်သည်၊ ထိုအခါ မိမိ လက်ရှိ အသုံးပြုနေသော ကွန်ပြူတာ ၏ hardware requirements များ နှင့် မကိုက် ညီတော့ပဲ၊ ကွန်ပြူတာ သည် ဝယ်ပြီးကာစ ထက် နှေးလာသည် ဟု ခံစား ရနိုင်ပေသည်၊ ထိုအခါ မျိုးတွင် တော့ ကွန်ပြူတာ တလုံး အသစ် လဲခြင်း (သို့) သူ့တွင် တတ်ဆင် ထားသော hardware အစိတ်အပိုင်း တို့ကို upgrade ပြုလုပ်ခြင်း များ လုပ်သင့်ပေသည်၊ ဥပမာ။ ။ Motherboard တခုလုံး လဲလှယ် ခြင်း (upgrade) မျိုး ဖြစ်ပေသည်။

fastercomputer
 addmemory 
upgrade
it
 itworld 
informationtechnologyworld











Credit _ အိုင်တ်ီလမ်းညွန်

No comments

Powered by Blogger.