8nm chip ကို ထုတ္ႏိုင္ျပီး Intel ကို ေက်ာ္ျဖတ္ႏုိင္ခဲ့တဲ့ Samsung

                                                    Zawgyi Read                                                              

ကမၻာ့အၾကီးဆံုး မိုဘုိင္း chipset ထုတ္လုပ္တဲ့ ကုမၸဏီ ျဖစ္လာတဲ့ Samsung ဟာ Intel ကို ေက်ာ္ျဖတ္ျပီး chipset နည္းပညာသစ္တစ္ရပ္ကို ထုတ္လုပ္ႏိုင္ခဲ့ျပီ ျဖစ္ပါတယ္။
processor chipset ထုတ္လုပ္မႈပိုင္းမွာ Samsung Intel ရဲ့ အရင္ 10 nanometer ထုတ္လုပ္မႈစနစ္ကို စတင္ႏိုင္ခဲ့ျပီး ကုမၸဏီရဲ့ flagship ျဖစ္တဲ့ Galaxy S8 စီးရီးမွာ ဒီနည္းပညာကို စတင္အသံုးျပဳႏိုင္ခဲ့တာဟာ Samsung ရဲ့ မွတ္တိုင္တစ္ခုလို ့ဆိုရမွာပါ။ Intel ကေတာ့ 10-nanometer ကို အခုထိ မထုတ္ႏိုင္ေသးခ်ိန္မွာ Samsung ကေတာ့ လက္သြက္ ေျခသြက္နဲ ့ပဲ သတ္မွတ္ခ်ိန္ထက္ ၃ လၾကိဳျပီး အဆင့္ျမင့္ 8-nanometer chipset နည္းပညာကို ထုတ္လုပ္ႏိုင္ခဲ့ျပီ ျဖစ္ပါတယ္။

                                                                        


chipset တစ္ခုရဲ့ ထုတ္လုပ္မႈ ျဖစ္စဥ္အရ 10-nanometer chips ထက္ 8-nanometer chip ေတြဟာ performance ပိုင္းမွာ ပိုျပီး ျမန္ဆန္သြက္လက္လာသလို ပါဝါသံုးစဲြမႈပိုင္းမွာလည္း ပို ျပီး နည္းပါးလာပါတယ္။ နည္းပညာပိုင္းအရေတာ့ အတူတူ ျဖစ္ေပမယ့္ 8-nanometer ဟာ စြမ္းအင္သံုးစဲြမႈပိုင္းမွာ ၁၀% ပိုျပီး သက္သာလာသလို အရြယ္အစားအားျဖင့္လည္း ၁၀% ပိုျပီး နည္းပါးလာတယ္လို ့ဆုိပါတယ္။ Intel ကေတာ့ ေနာက္ႏွစ္ထဲ ေရာက္တဲ့ အခ်ိန္အထိ 10-nanometer chips ေတြ ထုတ္လုပ္ႏိုင္ဖို ့မရိွေသးပါဘူး။

                                        


တကယ္ေတာ့ 8-nanometer process ဟာ Samsung ရဲ့ chip ထုတ္လုပ္မႈပိုင္းအတြက္ ဒုတိယအိပ္မက္ျဖစ္တဲ့ Exterme Ultraviolet lithography (EUV) မ်ိဳးဆက္ ဆားကစ္ေခတ္အတြက္ ၾကားစခန္းတစ္ခုပဲ ရိွေသးတာ ျဖစ္ပါတယ္။ Samsung အပါအဝင္ တစ္ျခား chip-makers ေတြဟာ 7-nanometer scale လို ့ေခၚတဲ့ မ်ိဳးဆက္သစ္ခ်ပ္စ္ထုတ္လုပ္မႈပိုင္းကို သြားေနခ်ိန္မွာ Samsung ကေတာ့ 8-nanometer chip ထုတ္လုပ္ႏိုင္ျပီ ျဖစ္လို ့တစ္ျခား ကုမၸဏီေတြထက္ လက္ဦးမႈ ရယူႏိုင္ေတာ့မွာပါ။


                                                


Samsung ဟာ ဒီႏွစ္ထဲမွာ ကိုယ္ပိုင္ Exynos 8895 processor ေတြကို Galaxy S8 စီးရီးမွာ သံုးႏိုင္ခဲ့သလို  DRAM နဲ ့NAND လိုမ်ိဳး memory chipset မ်ားထုတ္လုပ္မႈပိုင္းကေနလည္း အျမတ္အစြန္း အမ်ားၾကီး ရခဲ့ပါတယ္။ ဒုတိယသံုးလပတ္ ဘ႑ာေရးရွင္းတမ္းမွာ chipset ေရာင္းအားတစ္ခုတည္းကကိုပဲ ေဒၚလာ ၁၅.၈ ဘီလ်ံဖိုး ရိွခဲ့ျပီး ၁၄.၈ ဘီလ်ံဖိုးပဲ ေရာင္းခ်ႏိုင္ခဲ့တဲ့ Intel ကို ပထမဆံုး ေက်ာ္တက္ႏိုင္ခဲ့တဲ့ Samsung ကေတာ့ chipmaker ေလာကမွာ ဘုရင္တစ္ဆူျဖစ္ဖို ့နီးစပ္လာခဲ့ျပီ ျဖစ္ပါတယ္။


Unicode Read 


8nm chip ကို ထုတ်နိုင်ပြီး Intel ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ Samsung

ကမ်ဘာ့အကြီးဆုံး မိုဘိုင်း chipset ထုတ်လုပ်တဲ့ ကုမ္ပဏီ ဖြစ်လာတဲ့ Samsung ဟာ Intel ကို ကျော်ဖြတ်ပြီး chipset နည်းပညာသစ်တစ်ရပ်ကို ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
processor chipset ထုတ်လုပ်မှုပိုင်းမှာ Samsung Intel ရဲ့ အရင် 10 nanometer ထုတ်လုပ်မှုစနစ်ကို စတင်နိုင်ခဲ့ပြီး ကုမ္ပဏီရဲ့ flagship ဖြစ်တဲ့ Galaxy S8 စီးရီးမှာ ဒီနည်းပညာကို စတင်အသုံးပြုနိုင်ခဲ့တာဟာ Samsung ရဲ့ မှတ်တိုင်တစ်ခုလို ့ဆိုရမှာပါ။ Intel ကတော့ 10-nanometer ကို အခုထိ မထုတ်နိုင်သေးချိန်မှာ Samsung ကတော့ လက်သွက် ခြေသွက်နဲ ့ပဲ သတ်မှတ်ချိန်ထက် ၃ လကြိုပြီး အဆင့်မြင့် 8-nanometer chipset နည်းပညာကို ထုတ်လုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
chipset တစ်ခုရဲ့ ထုတ်လုပ်မှု ဖြစ်စဉ်အရ 10-nanometer chips ထက် 8-nanometer chip တွေဟာ performance ပိုင်းမှာ ပိုပြီး မြန်ဆန်သွက်လက်လာသလို ပါဝါသုံးစွဲမှုပိုင်းမှာလည်း ပို ပြီး နည်းပါးလာပါတယ်။ နည်းပညာပိုင်းအရတော့ အတူတူ ဖြစ်ပေမယ့် 8-nanometer ဟာ စွမ်းအင်သုံးစွဲမှုပိုင်းမှာ ၁၀% ပိုပြီး သက်သာလာသလို အရွယ်အစားအားဖြင့်လည်း ၁၀% ပိုပြီး နည်းပါးလာတယ်လို ့ဆိုပါတယ်။ Intel ကတော့ နောက်နှစ်ထဲ ရောက်တဲ့ အချိန်အထိ 10-nanometer chips တွေ ထုတ်လုပ်နိုင်ဖို ့မရှိသေးပါဘူး။

တကယ်တော့ 8-nanometer process ဟာ Samsung ရဲ့ chip ထုတ်လုပ်မှုပိုင်းအတွက် ဒုတိယအိပ်မက်ဖြစ်တဲ့ Exterme Ultraviolet lithography (EUV) မျိုးဆက် ဆားကစ်ခေတ်အတွက် ကြားစခန်းတစ်ခုပဲ ရှိသေးတာ ဖြစ်ပါတယ်။ Samsung အပါအဝင် တစ်ခြား chip-makers တွေဟာ 7-nanometer scale လို ့ခေါ်တဲ့ မျိုးဆက်သစ်ချပ်စ်ထုတ်လုပ်မှုပိုင်းကို သွားနေချိန်မှာ Samsung ကတော့ 8-nanometer chip ထုတ်လုပ်နိုင်ပြီ ဖြစ်လို ့တစ်ခြား ကုမ္ပဏီတွေထက် လက်ဦးမှု ရယူနိုင်တော့မှာပါ။

Samsung ဟာ ဒီနှစ်ထဲမှာ ကိုယ်ပိုင် Exynos 8895 processor တွေကို Galaxy S8 စီးရီးမှာ သုံးနိုင်ခဲ့သလို  DRAM နဲ ့NAND လိုမျိုး memory chipset များထုတ်လုပ်မှုပိုင်းကနေလည်း အမြတ်အစွန်း အများကြီး ရခဲ့ပါတယ်။ ဒုတိယသုံးလပတ် ဘဏ္႑ာရေးရှင်းတမ်းမှာ chipset ရောင်းအားတစ်ခုတည်းကကိုပဲ ဒေါ်လာ ၁၅.၈ ဘီလျံဖိုး ရှိခဲ့ပြီး ၁၄.၈ ဘီလျံဖိုးပဲ ရောင်းချနိုင်ခဲ့တဲ့ Intel ကို ပထမဆုံး ကျော်တက်နိုင်ခဲ့တဲ့ Samsung ကတော့ chipmaker လောကမှာ ဘုရင်တစ်ဆူဖြစ်ဖို ့နီးစပ်လာခဲ့ပြီ ဖြစ်ပါတယ်။


Powered by Blogger.