" "



မဖြစ်နိုင်ဘူးဆိုတဲ့အသုံးအနှုန်းဟာ လူတွေကိုသရဲဘောကြောင်သူတွေ အဖြစ်ပြောင်းလဲသွားစေပါတယ်။ ငါမလုပ်နိုင်လောက်ပါဘူး၊ မဖြစ်နိုင်လောက်ပါဘူးဆိုပြီး သင့်ရှေ့ကအခွင့်အရေးတွေကို လက်လွှတ်လိုက်ရင် တစ်ခြားလူတစ်ယောက်အတွက်ဖြစ်သွားမှာပါ။ မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး မဖြစ်သေးတာပဲရှိတာပါ။ စတောင်လုပ်မကြည့်ရသေးဘူး လက်လျော့နေရင်တော့သင်နဲ့အောင်မြင်မှု ဆိုတာအလှမ်းဝေးနေအုံးမှာပါ။

ဥပမာသင်စီးပွားရေးလုပ်တော့မယ်ဆိုပါတော့။ သင့်မှာစီးပွားရေးလုပ်ဖူးတဲ့ အတွေ့အကြုံမရှိဘူး အဆက်အသွယ်မရှိဘူး။ အဲ့ဒီတော့စီးပွားရေးစလုပ်ဖို့ မဖြစ်နိုင်ဘူးဆိုပြီးသင်တွေးတော့မှာပါ။ အတွေ့အကြုံ ဆိုတာမျိုးကထိုင်နေရင်း အလိုလိုရလာတတ်တဲ့အရာမျိုးမဟုတ်ပါဘူး။ ဘာပဲဖြစ်ဖြစ် သင်စီးပွားရေး လုပ်ချင်ရင် စမ်းကြည့်ရမှာပါပဲ။ သင်သိထားရမယ့် skills တွေ ပညာတွေကို အရင်ဆုံးသင်တန်းတွေတက်ပြီးတော့ဖြစ်ဖြစ် လုပ်ငန်းခွင်မှာအစမ်း ဝင်လုပ်ကြည့်ရင်းဖြစ်ဖြစ်ပညာတွေသင်ယူရင်း အဆက်အသွယ်တွေဘယ်လို ရမယ်ဆိုတာ တွေ့မြင်လာရမှာပါ။ 

ဘေးကရပ်ကြည့်နေပြီးတော့ ဟာဒါကြီးငါလုပ်လို့နိုင်မှာလဲမဟုတ်ပါဘူးကွာ။ အချိန်ကုန်လူပန်း ငွေကုန်တာပဲ ရှိမှာလို့တွေးရင်တော့ မဟာအမှားကြီးပါ။ အဲ့ဒီလိုတွေးပြီး သင့်အခွင့်အရေးကိုလက်လွတ်လိုက်မှသာသင့်ရဲ့ အချိန်တွေငွေတွေ အလဟတ်သတ်ဖြစ်ကုန်မှာပါ။ ကျွန်မတို့ မိသားစု ကိုယ်ပိုင်စီးပွားရေးစလုပ်ဖို့ကြိုးစားခဲ့ တုန်းကအရင်းအနှီးလေးနဲနဲနဲ့ မဖြစ်နိုင်တဲ့အခြေအနေတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်မတို့ထိုင်မနေခဲ့ ကြပါဘူး။ အမေနဲ့အတူ လက်ကိုင်ပန်းတုပြုလုပ်တဲ့လုပ်ငန်းခွင်ထဲမှာ လအတန်ကြာသွားရောက်လေ့လာ ခဲ့ကြတယ်။ ဘာတွေသုံးတယ် ဘယ်လိုလုပ်တယ် ဘယ်မှာသွင်းတယ် အစရှိသဖြင့်လေ့လာသိရှိခဲပြီးနောက် ရှိတဲ့အရင်းအနှီးလေးနဲ့တစ်ပိုင်တစ်နိုင်စလုပ်ကြတယ်။ အောင်မြင်သွားခဲ့တယ် လူ၎ယောက်လောက်နဲ့စခဲ့ပြီး အလုပ်ရုံလေးတစ်ခုထောင်နိုင်တဲ့အထိ ဖြစ်လာတယ်။ 

ဒီလိုပါပဲ သင်လည်းသင့်မှာအကောင်အထည်ဖေါ်လိုစိတ် ရှိရင် နောက်မတွန့်ပဲအကောင်အထည်ဖေါ်လိုက်ပါ။ မဖြစ်နိုင်ဘူးလို့သင်ကိုယ်တိုင်လည်းမတွေးပါနဲ့ သူများကပြောလာလည်း နားမယောင်ပါနဲ့။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရှိနဲ့ အိမ်မက်တွေကိုအကောင်အထည်ဖေါ်လိုက်ပါ။ 




No comments

Powered by Blogger.