ဖတ်စေချင်သောစာစုများ



ယုံကြည်မှုနဲ့ ကန့်သတ်ထားတဲ့ ချစ်ခြင်းမှာ ဘယ်လောက်အတားအဆီးဖြစ်ဖြစ်
ဝင်ဖျက်စီးဖို့ မလွယ်ပါဘူး ။

ငွေလည်းမနိုင်ဘူး 
စေတနာလည်း မကယ်ဘူး
ဘယ်လောက် စွဲလမ်းနေခဲ့တာပါ အရိုးမရှိတိုင်းပြောလည်း မထိရောက်ဖူး ။

ပျက်ယွင်းနေတဲ့ စာရိတ္တအတွက် ဘယ်သကောင့်သားမှ အမြတ်တနိုးပန်ဆင်မှာမဟုက်ဖူး ။

ကြုံလို့ရေဆေးခံတဲ့ အိုင်လား ကိုယ်တိုင်စဉ်းစားပြင်ဆင်ရမှာပဲ ။ မရှိမဖြစ်အချစ်ဆိုရင်တောင် အချစ်ကို ခုတုံးလုပ်ပြီး
အသွေးအသားဝယ်မစားစမ်းပါနဲ့ ။

ဘာလို့တန်ဖိုးမရှိတာလည်းငါကသူ့အတွက်လို့
တွေးမိဖူးပါသလား ။
ကိုယ်တိုင်ကို တန်ဖိုးမထားသူကို
ဘယ်သူကတန်ဖိုးထားမှာတဲ့လည်း ။

အမှန်တရားကိုနှစ်သက်သူတိုင်း
အရှိတိုင်းကို ပြုပြင်ယူတတ်ကြသူတွေချည့်ပါ ။

အမှားနဲ့ အလိမ်အညာကို တရားသေစားသုံးရင်း
ရသတစ်ခုအတွက်
ပက်သက်ရာ မသိနိုးနားတွေကို သနားမိပြန်သေးတယ် ။

ဘဝအတိုလေးမှာ အချိုးမကျတဲ့ ဖြတ်သန်းမှုတွေကြားထဲ 
တဏှာဆိုးကပ်နေတာလည်း ရောဂါကြီးပါပဲလေ ။


No comments

Powered by Blogger.