MPT  4G   *106*5#  



လက်ရှိတွင် မိမိတို့အသုံးပြုလျက်ရှိသာ MPT ဆင်းမ်ကတ်များ 4G အသုံးပြု၍ ရ၊ မရကို စစ်ဆေးလိုပါက (*106*5#) ကိုဖုန်းခေါ် ဆိုစစ်ဆေးနိုင်ကြောင်း သိရှိရပါတယ်။

 ထိုသို့ ခေါ်ဆိုစစ်ဆေးပြီးပါက 4G Network မှာ အသုံးပြုနိုင်ကြောင်း ဟုတ်၊ မဟုတ်ကို SMS ပြန်လည်ပေးပို့ပေးမှာဖြစ်ပါတယ်။ 

4G စနစ်ကို အသုံးပြုနိုင်သည့်ဖုန်းများနှင့် ဆင်းမ်ကတ်များ ကိုင်ဆောင်ထားသည့် MPT သုံးစွဲသူအားလုံးမှာ  4G/LTE ဝန်ဆောင်မှုကို  စတင်အသုံးပြုနိုင်မှာဖြစ်ပြီး ယခင် GSM (2G/3G)  ဆင်းမ်ကတ် အဟောင်းများကို သုံးစွဲသူဖြစ်ပါက မိမိတို့၏ ဆင်းမ်ကတ်အဟောင်းများကို မူရင်း ဖုန်းနံပါတ်နှင့် အတူတူပင်ဖြစ်သည့် 4G အသင့်အသုံးပြုနိုင်သော ဆင်းမ်ကတ်အသစ်များဖြင့် နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေး မြို့များရှိ MPT အမှတ်တံဆိပ်ဆိုင်များတွင် ဝန်ဆောင်ခ တစ်စုံတစ်ရာပေးရန်မလိုဘဲ လဲလှယ်နိုင်ကြောင်း သိရှိရပါတယ်။





No comments

Powered by Blogger.