Name Lock 



ဒီတစ်ခါတော့ မိတ်ဆွေတွေအားလုံးကို မိတ်ဆက်ပေးမဲ့ နည်းလမ်းကတော့ Name Lock ကျနေတဲ့ Facebook Account တစ်ခုကို ပြန်လည်ရယူနည်းပဲဖြစ်ပါတယ် ဒီနည်းလမ်းကတော့ ကျုပ်စိတ်ကြိုက် အခုနောက် အမြဲအသုံးပြုလေ့ရှိတဲ့ နည်းလမ်းတစ်ခုက နည်းတစ်ခုကိုပြန်လည်မျှဝေတာပါ 

ဒီနည်းလမ်းကတော့ သိတဲ့သူလည်းရှိကောင်းရှိပါမယ် မသိသေးတဲ့လူတွေလည်းရှိကောင်းရှိပါမယ်

Facebook Name Lock ကျရတဲ့ အကြောင်းအရင်ကတော့ Name ကို ပေါက်ကရတွေသုံးခြင်းကြောင့်သာဖြစ်ပါတယ် အမှန်တကယ် Facebook Team က ခွင့်ပြုလို့ ဖွင့်လို့ရထားပေမဲ့ လူ Name အက္ခရာအနေနဲ့ ကြည့်မယ်ဆိုရင် Facebook Team က ကြာရှည် ခွင့်မပြုထားပါဘူး ဒီအတွက်ကြောင့် Name အစစ်မသုံးထားသူတွေအတွက် တချိန်မဟုတ် တချိန် Name ကို Update လုပ်ဖို့ စစ်ဆေးပါတယ် အရိုးရှင်းဆုံးပြောရမယ်ဆိုရင်တော့ Name Lock လို့ လူအများခေါ်ဝေါ်တဲ့ Name Lock ဟာ အဆင့် (၄) ဆင့်ရှိပါတယ် ဒါဟာလည်း Facebook သုံးစွဲသူအတွက် အခွင့်အရေးပေးပါတယ် နားမလည်သူတွေကတော့ ကျုပ်ပြမဲ့ နည်းလမ်းသဘောတရားနဲ့ ရင်ဆိုင်ရပါမယ်

၁ အဆင့် - Facebook သုံးနေရင် ဘာမှမလိုပဲ Update Name ချိန်းရန် သတိပေးပါသည် ဒါကိုမသိပဲ အရင် Name ချိန်းမယ် ပေါက်ကရချိန်းမယ်ဆိုရင် ထပ်မံ၍ Name Lock ချစစ်မှာပါ ဒါကသူတို့ပေးတဲ့အခွင့်အရေး ၁ ခုပါ Name အမှန်ချိန်းလိုက်ရင် Facebook Account ဟာ ဆက်လက်ပြီး အေးဆေးကသုံးပြုနေနိုင်ပါမယ်

၂ အဆင့် - ပုံ ၃ ပုံထည့်ခွင့်ပေးပြီး Update Name ပေးရန် အတည်ပြုဖို့ Facebook Birthday တူတဲ့ နိုင်ငံတော်အသိအမှတ်ပြု ထုတ်လုပ်ထားတဲ့
မှတ်ပုံတင် သို့မဟုတ် Passport ကတ်တောင်းပါတယ် အဲ့အခါ Facebook Birthday နဲ့တူတဲ့ မှတ်ပုံတင် သို့မဟုတ် Passport ကတ် ထည့်ပေးရုံနဲ့ Facebook Account ဟာ ကိုယ်တင်ပြတဲ့ ကတ်က Name ဖြင့် Auto ချိန်းပြီး Facebook Account ဟာ အေးဆေးဆက်လက်အသုံးပြုနေနိုင်ပါတယ်

၃ အဆင့် - ပုံ ၃ ပုံထည့်ခွင့်ပေးပြီး Update Name ပေးရန် အတည်ပြုဖို့ Facebook Birthday တူတဲ့ နိုင်ငံတော်အသိအမှတ်ပြု ထုတ်လုပ်ထားတဲ့
မှတ်ပုံတင် သို့မဟုတ် Passport ကတ်တောင်းပါတယ် အဲ့ကတ်က Name ရေးပြီး Facebook Birthday နဲ့တူတဲ့ မှတ်ပုံတင် သို့မဟုတ် Passport ကတ် ထည့်ပေးရုံနဲ့ Facebook Account ဟာ ကိုယ်တင်ပြတဲ့ ကတ်က Name ဖြင့် Update Name ပေး၍ Facebook Account ဟာ အေးဆေးဆက်လက်အသုံးပြုနေနိုင်ပါတယ်

၎ အဆင့် - ဒီအဆင့်ကတော့ အပေါ်က (၁),(၂),(၃) အဆင့်တွေကို ပေါက်ကရ Name ချိန်းမယ် ပေါက်ကရပုံထည့်မယ်ဆိုရင် ယခု ကျုပ်ပြတဲ့ ပိုစ့်အဆင့်ကို ရောက်ရှိသွားပါပြီ ဒါကတော့ Facebook Info အချက်အလက်မရှိရင် တော်ရုံနဲ့ပြန်မရနိုင်ပါ ။

ယခုပိုစ့်မှာ လိုအပ်ချက်များရှိသွားပါက နားလည်းပေးကြပါ ။






















Powered by Blogger.