Windows Update တွေဖြစ်နေတာကို ပိတ်ရအောင်
ဒါကတော့ Windows Update ပိတ်ချင်သူများအတွက် သွားပိတ်ရမယ့်
နေရာလေး တွေ ကို ပြပေးလိုက်တာပါ..။ ဘာကြောင့် Windows Update လုပ်တာလဲ..။ အခုဒီ နည်းက ကွန်ပျူတာ ရောင်းတဲ့ဆိုင်တွေမှာ စက်ဝယ်တဲ့အခါ Original Windows မပါ ရင်၊ သူတို့ ဘာသာ Windows တင်ပေးတတ်ပါတယ်..။ အဲလိုအခါမျိုးကျရင် Windows Update မတက်အောင် အခုကျနော်ပြတဲ့ နည်းလေးတွေနဲ့ ပိတ်ပေးလိုက်ကြ ပါတယ်..။
နောက်တခုက Windows တင်တင်ချင်းမှာလဲ Update မတက်အောင် ပိတ် ခဲ့ရတဲ့ နေရာတခုရှိပါတယ်..။
Automatically Windows Update အင်တာနက်လိုင်းဖွင့်တာနဲ့ အော်တိုမက်တစ် Update လုပ်မယ်ဆိုတဲ့ နေရာမှာ အမှန်ခြစ်လေး ဖြုတ်ပေးခဲ့ရမှာ ဖြစ်ပါတယ်..။ သူက တော့ ဝင်းဒိုးတင်တဲ့အချိန်မှာ လုပ်ရတာဖြစ်တဲ့အတွက် ပုံနဲ့ပြပေးဖို့ ခက်ပါတယ်..။ ဒါ ကြောင့် စာပဲရေးပြပေးလိုက်တာပါ..။ အခုလုပ်ရမယ့် အဆင့်တွေကတော့ အောက် က ပုံလေးတွေအတိုင်းပါပဲ..။
ပထမဆုံး ကွန်ပျူတာ Start ကနေ Control Panel ကိုသွားပေးလိုက်ပါ နော်.. အောက်မှာ ပုံလေးတွေ ကြည့်ပြီးလိုက်လုပ်ပေးလိုက်ကြပါ... အဆင်ပြေသွားးစေမယ်.. နော်...
သည်ထဲမှာဘဲ Window Update ဆိုတာကိုရှာ ကလစ်လိုက်ပါ
ပုံမှာ ပြထားသလို Change Setting ဆိုတာကို ကလစ်ပေးလိုက်ပါ။
သည်မှာတော့ အပေါ်က Important Update မှာတော့ never check for updates ဆိုတာရွေးပေးပါ။ အောက်နားက အကွက်လေးတွေ မှန်သမျှ အမှန်ခြစ် အကုန်ဖြုတ် ပေးးရပါမယ်....အဲတာဆိုရင်တော့ Window Update လုပ်ဆောင်ချက်တွေ အော် တို ရပ်ဆိုင်းးသွားပါ့မယ်ဗျာ... နောက်တစ်ခုကတော့ Control Panel Home ကိုပြန် သွားးလိုက်ပါ.....
Action Center ဆိုတာကိုကလစ်ပေးလိုက်ပါနော်..
Change Action Center Setting ဆိုတာကိုဆက်ကလစ်လိုက်ပါ... အဲမှာ ပုံမှာပြ ထား သလို
အားလုံးးကို အမှန်ခြစ်တွေ လိုက်ဖြုတ်ပေးလိုက်ရမှာ ဖြစ်ပါတယ်... စိတ်ချလက်ချ ဖြုတ် ချလိုက်ပါ..
အဆင်ပြေပါစေ
No comments