iPhone အတွက် မြန်မာ Font သွင်းနည်း

ဒီနည်းကတော့ iOS 4.3.3 နဲ့ အထက် မြန်မာ Font နဲ့  မြန်မာ Keyboard သွင်းနည်းလေးပါ။ အောက်မှာ Step by step ရှင်းပြသွားပါမယ်။
1. အရင်ဆုံး Cydia >> Manage >> Sources >>  Edit >> Add ထဲကနေ cydia.macforus.com ကို add လိုက်ပါ

2. Source Add ပြီးရင် URL ကို Verify လုပ်ပါလိမ့်မယ်။ ပြီးတဲ့ အထိခဏစောင့်လိုက်ပါ

3. ပြီးသွားရင် Cydia >. Manage >>Sources >> cydia.macforus.com ထဲကနေ Zawgyi iOS 4.3 Font ကိုရှာပြီး Install လုပ်လိုက်ပါ

4. Font Install လုပ်ပြီးသွားရင် ဒီတစ်ခါ Keyboard ကို install လုပ်ပါမယ်။  Cydia >> Manage >>Sources >>cydia.macforus.com
ထဲကပဲ Zawgyi Keyboard iPhone ကိုရှာပြီး install လုပ်လိုက်ပါ
5. Zawgyi Font ရော Keyboard ရော install လုပ်ပြီးသွားရင်တော့ Cydia ထဲကနေထွက်ပြီး
 Settings >> General >> Keyboard >> International Keyboards >> Add New Keyboard >> ထဲမှာ Myanmar မြန်မာ ဆိုတဲ့ Keyboard လေးရှိလိမ့်မယ်။ အဲဒါကို Add လိုက်ပါ

6. အပေါ်အဆင့်တွေ အားလုံးလုပ်ပြီး သွားရင်တော့ သင့်ရဲ့  iPhone မှာ Myanmar Font ရော Myanmar Keyboard ရော ရသွားပါပြီ။









Credit - မင်္ဂလာပါ-Mobile


No comments

Powered by Blogger.