အချိန်အကုန်ခံဖို့ ထိုက်တန်သလား
လူတစ်ယောက်အပေါ် ဒေါသထွက်ခါနီး
ငါ့စိတ်တွေ မရွှင်မလန်းဖြစ်ပြီး
ဒေါသတွေထွက် အားအင်ကုန်ဆုံးသွားရမယ့် လူဟာ
ကိုယ်အချိန်ကုန်ခံ ဒေါသထွက်ဖို့ ထိုက်တန်သလား မတန်ဘူးလား အရင်ကြည့် ။
ကိုယ့်ပေါ်အလေးထားသူဟာ
ကိုယ့်ကိုစိတ်သောကဖြစ်အောင် မလုပ်သလို ၊
ကိုယ့်ကို အလေးမထားလို့ စိတ်ညစ်အောင် လုပ်နေသူကို ဒေါသထွက်လည်း ကိုယ့်ဒေါသသာ ကုန်သွားမယ်
ဟိုကသိမှာမဟုတ်သလို
သိလည်း စိတ်ဝင်စားမှာ မဟုတ်ဘူး ။
No comments